လော်ဝေါ်စာပေများ

လော်ဝေါ်ဘာသာစကားသည် အခေါ်အဝေါ်အသုံးအနှုန်းဝေါဟာရကြွယ်၀သည့်ဘာသာစကားဖြစ်ပါသည်။  ထို့ကြောင့် လော်ဝေါ်ဘာသာစကားကို မှတ်တမ်းတင်နိုင်ရေးအတွက် စာပေရရှိရေးကို၁၉၄၆ ခုနှစ် ကတည်းက လော်ဝေါ်အကြီးအကဲများမှ အားထုတ်ကြိုးစားဆောင်ရွက်ခဲ့ကြပါသည်။၁၉၆၇ခုနှစ်တွင် လော်ဝေါ်လူမျိုး ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်သူ ဘုန်းတော်ကြီးလုကာလဟုန်ဟောင်းလွမ်း မှ ရောမအက္ခရာများဖြင့် တီထွင်ပြုစုပေးခဲ့သော စာမူကို နိူင်ငံတော်သို့ အတည်ပြုပေးရန် တင်ပြခဲ့ရာ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများဗဟိုမှတ်ပုံတင်အဖွဲ့မှ ၁၉၇၂ခုနှစ်၊ စက်တင်ဘာ (၂၁) ရက်နေ့ရက်စွဲပါ စာအမှတ် ၇၁၈/၂၀၇၂ဦး-၄၊ ဖြင့် ပုံနှိပ်ထုတ်ဝေခွင့်ပြုချက် ရရှိပြီးသောစာပေဖြစ်ပါသည်။ ၎င်းစာပေဖြင့် ယခုအခါ ကျမ်းစာအုပ်များ ဘာသာရေးဓမ္မသီချင်းစာအုပ်များ၊ မဂ္ဂဇင်းများ၊ စာစောင်များကို ရေးသားထုတ်ဝေသုံးစွဲလျှက်ရှိပါသည်။

           လော်ဝေါ်စာပေကို တီထွင်သူ ဘုန်းတော်ကြီးလုကာလဟုန်ဟောင်းလွမ်း

Share